Monday 3 January 2011

၂၂၆ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးနေ့  ပြုလုပ်







31 Dec 2010
၂၂၆ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးနေ့  ၀မ်းနည်းအောက်မိဖွယ်အခမ်းအနားတရပ်ကို ၃၁ ဒီဇင်ဘာလ ၂၀၁၀ နေ့ က မဲဆောက်မြို့ ရွှေသဇင်ကျောင်းတွင်ပြုလုပ်ခဲ့ပါသည်။ ရခိုင်နိုင်ငံသည် အချုပ်အခြာအာဏာပိုင်အနေဖြင့် နှစ်ပေါင်း(၅၀၀၀)ကျော်ကြာ တည်တံ့ခိုင်မြဲခဲ့ပြီး
၁၇၈၄ - ခု ဒီဇင်ဘာလ(၃၁)ရက်နေ့ တွင် ဗမာပဒေသရာဇ် နယ်ချဲ့ များက မတရားကျူးကျော်သိမ်းပိုက်မှုကြောင့် ဗမာပဒေသရာဇ် နယ်ချဲ့ လက်အောက်သို့ ကျရောက်ခဲ့ပါသည်။ ယနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ သည် ရခိုင်တမျိုးသားလုံး၏ ၀မ်းနည်းကြေကွဲဖွယ်ရာဖြစ်သော ကျွှန်ဘ၀ကို ကျရောက်ခဲ့သည်မှာ ၂၂၆ နှစ်ပင် ပြည့်ခဲ့ပြီဖြစ်ပါသည်။ ထို့ အတွက်ကြောင့် ဤအခမ်းအနားကျင်းပရခြင်းမှာ
  • ပြည်ပရောက်ရခိုင်သူ/သားများရခိုင့်ဘုရင်နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးနိန့် အကြောင်းသိရှိစေရေန်။
  • ရခိုင်တမျိုးသားလုံး မျိုးချစ်စိတ်ဓါတ်နိုးကြားပြီး အမျိုးသားရေးကို ပိုမိုပူးပေါင်းဆောင်ရွက်လာစေရန်။
  • ရခိုင်တမျိုးသားလုံး အချင်းချင်းပိုမိုစည်းလုံးညီညွတ်မှုရရှိရန်။
  • ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရန်။ ဖြစ်ပါသည်။ အခမ်းအနားကို မဲဆောက်ရောက် ရခိုင်သူ/သားများ 160 ခန့် တက်ရောက်ကြပြီး ရခိုင်သမိုင်းကြောင်းများနှင့် လက်ရှိအခြေအနေရခိုင်ဘ၀များအကြောင်းကို ဟောပြောကြပါသည်။
ညနေပိုင်းတွင် ကိုထက်ခေါင် မှ ဦးဆောင်ပြီး ရခိုင်အလုပ်သမားများတွေ့ ဆုံဆွေးနွေးပွဲ စကားဝိုင်းတရပ်ကို ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးချက်များမှာ မဲဆောက်ရောက် ရခိုင်အလုပ်သမားအခြေအနေများ ။ အလုပ်သမားအခွင့်အရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကာ Arakan Labour Network တခုကို ကျစ်လစ်ခိုင်စွာလုပ်ဆောင်သွားနိုင်ရန်လည်း အဓိကထားဆွေးနွေးခဲ့ကြပါသည်။

Arakan Labour Network ရခိုင်အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့  တွင် ပါဝင်သောအဖွဲ့ များမှာ
ALC - Arakan Labour Campaign
VOF- Ven Ottama Foundation
AWU - Arakan Worker Union
RWU - Rakhine Women Union (Mae Sot branch)
အလုပ်သမားခေါင်းဆောင်များ
ကျောင်းဆရာများ ဖြစ်သည်