Showing posts with label VOF အကြောင်း. Show all posts
Showing posts with label VOF အကြောင်း. Show all posts

Friday, 10 December 2010

VOF အကြောင်း

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်

 ၁။    လူအခွင့်အရေး နှင့် ဒီမိုကရေစိ ရရှိရေး။

 ၂။   ရွှေ့ပြောင်းအလုပ်သမားများအား ခေတ်မီ IT နည်းပညာများကိုသင်ကြားပို့ချပြီး   အတွေးအခေါ်ဗဟုသုတများမြင့်မားလာအောင် ဘက်ပေါင်းစုံမှ ၀ိုင်းဝန်းကူညိပေးရေး။

ကျွန်ုပ်တို့၏ ရည်မှန်းချက်

  ၁။   မြန်မာ ပြည်တွင်း ရှိတိုင်းရင်းသားပေါင်းစုံ မြန်မာ လူမျီုးများ ၊ပြည်ပရောက် တိုင်းရင်းသားပေါင်းစုံ
ရွှေ့ပြောင်းမြန်မာအလုပ်သမားများ သည် လူအခွင့်အရေးနှင့် ဒီမိုကရေစိ၏ အစိပ္ပါယ် နှင့် သဘောသဘာဝ ကို ကောင်းစွာသိ့ရှိနားလည်ပြီး ကိုယ်တိုင် ကိုယ်ကျ တောင်းဆိုထိန်းသိမ်းကာ ဖြန့်ဝေပေးတတ်လာစေရန်
အတွက် သင်တန်းများ၊ပညာပေး ဆွေးနွေးပွဲများနှင့် လက်တွေ့အကောင်အထည်ဖော် လုပ်ငန်းများကို စနစ်
တကျ စီစဉ်ပေးရန်။



၂။      ရွှေ့ပြောင်းမြန်မာအလုပ်သမားများ၏အလုပ်အကိုင်အခွင့်အလမ်းနှင့်အဆင့်အတန်းမြင့်မားလာစေရန် အတွက် ခေတ်မီ ကွန်ပြုတာ ပညာရပ်များ၊သတင်းနှင့်နည်းပညာဆိုင်ရာပညာရပ်များကိုသင်ကြားပို့ချပေးပြီး၊ အလုပ်သမား အခွင့်အရေးဆိုင်ရာ ဥပဒေများကိုကောင်းစွာသိ့ရှိနားလည်ပြီး တောင်းဆိုထိန်းသိမ်းလာစေရန် အတွက် အလုပ်သမားအခွင့်အရေး သင်တန်းများ၊ဆွေးနွေးပွဲ များကိုပြုလုပ်ပေးရန်။


ဦးဥတ္တမဖောင်ဒေးရှင်းအကြောင်း

ဆရာတော် ဦးဥတ္တမ(The Sun of Asia 1879-1939)၏ မကြောက်တရား၊၀ံသာနု မျီုးချစ်စိတ်ဓါတ် စသော
 လမ်းစဉ်များ ကိုအကောင်အထည်ဖော် ပြီး ပြည်သူလူထု၏ လက်ရှိ အမှောင်ဘ၀ မှ အလင်းရောင်ရရှိသော
နေ့သစ်များ သို့ ချီတက် တွန်းလှန်နိုင်ရန် လူအခွင့်အရေးနှင့်ဒီမိုကရေစီ အပါအ၀င်အခြားသော ဥပဒေများ
အသိ့ပညာများ ကိုဖြန့်ဝေ ပညာပေးနိုင်ရန် ဆရာတော်ဦးဥတ္တမ ကိုရည်စူး၊လေးစားသော အားဖြင့် ဦးဥတ္တမ
ဖောင်ဒေးရှင်းကို (၉.၉.၂၀၀၉)ခုနှစ် (ဦးဥတ္တမနေ့)တွင် သံဃာ၊အလုပ်သမား၊လူမူ့ရေးကိစ္စဆောင်ရွက်နေသူ
များ၊နိုင်ငံရေးစိတ်ဓါတ်နိုးကြားသူများဖြင့် ဖွဲစည်းခဲသည်။
Read more »