ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ယခုလက်ရှိ ရေပန်းအစားဆုံး သတင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ အမတ်လောင်းများ မိုးကြိုးပစ်ခံရသောသတင်းဖြစ်ပြီးအဆိုပါသတင်းကြောင့် ဒေသခံများအထူး ၀မ်းမြောက်နေကြသည်ဟုသိရသည်။
ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ အမတ်လောင်းများ စည်ရုံးရေး ဆင်းစဉ် အောက်တိုလာလ ၈ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် မိုးကြိုး ပစ်ခံရခြင်း ဖြစ်သည်ဟု သိရသည်။
ကျောက်ဖြူ ဒေသခံအမျိုးသားတဦးက “ အာဏာကို မတရားယူမယ့် အကောင်တွေ မိုးကြိုးပစ်လို့ မသေတာ ကံကောင်းတယ်။ ဒီက ဒေသခံတွေက သူတို့ကို နတ်သတ်တာ ဖြစ်တယ်လို့ ပြောနေကြ တယ်။ သေအောင် သတ်ပစ်ရင် ပိုကောင်းမယ်ဆိုပြီး လူတွေက ၀မ်းသားအားရ ပြောနေကြပါတယ်။” ဟုပြောသည်။
ယခုမိုးကြိုးပစ်ခံရသူများမှာ ကျောက်ဖြူမြို့နယ် ကြံ့ဖွတ်ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည့် လွတ်တော် ကိုယ်စားလှယ်လောင်း ဦးဝေခိုင်နှင့် စည်းရုံးရေးမှူးများ ဖြစ်ကြသည့် ဦးထွန်းသွေးနှင့် ဦးကျော်ဆွေလွှင် တို့ဖြစ်သည်။
သူတို့မှာ ကျောက်ဖြူမြို့နယ် လှံပျောက်ရွာ၊ ပုဇိန်းပျောက်ရွာ၊ ရွာသစ်ကေ၊ ပွီးဖျားကျေးရွာနှင့် ကွမ်း ချောင်းဖျားရွာများတွင် စည်းရုံးရေးခရီး အပြီ်း မင်းဂံချောင်း ဆိပ်ကမ်းမှ အထွက်တွင် ယခုကဲ့သို့မိုးကြိုး ပစ်ခံရခြင်း ဖြစ်သည်။
မိုးကြိုးပစ်ခံရပြီးနောက် သူတို့သုံးဦးကို စက်လှေနှင့် ယူဆောင်ကာ ကျောက်ဖြူ ဆေးရုံသို့ ပို့ ဆောင်ခဲ့ရသည်ဟု သိရသည်။ ဦးကျော်ဆွေလွှင်မှာ ဦးခေါင်းတွင် ဒဏ်ရာရရှိသည့် အတွက် ၈ ချက်ချုပ်ရကြောင်းနှင့် တခြားနှစ်ဦးမှာ သတိမေ့ပြီး မိန့်မျောသွားခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောသည်။
မိုးကြိုးပစ်ခံရသည့် စက်လှေတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ ခေါင်းဆောင် ၃ ဦး၊ စက်လှေမောင်းသား ၂ ဦး အပါအ၀င် စုစုပေါင်း လူ ၉ ဦး စီးနင်း လိုက်ပါပြီး အသေအပျောက် မရှိဟု သိရသည်။
Tuesday, 26 October 2010
Sunday, 24 October 2010 ကြံ့ခိုင် ဖွံ့ဖြိုးရေး အမတ်လောင်းများကို မိုးကြိုးပစ်၍ လူထုများ ၀မ်းမြောက်
21:25
Vev Ottama Foundation











