Tuesday, 26 October 2010

စစ်တွေတွင် မုန်တိုင်း သတိပေးမူ လုပ်ပြ



10/22/2010
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် မုန်တိုင်း သတိပေး နိုးဆော်ချက်ကို အာဏာပိုင်များက ယနေ့ နံနက် ၈ နာရီမှ စတင်ပြုလုပ်နေပြီ ဖြစ်သည်။

မြို့ခံ အမျိုးသမီး တစ်ဦးက “ အခုဘဲ သူတို့က သုံးဘီး ဆိုင်ကယ်တက်စီနဲ့ မြို့ကို ပတ်ပြီး အသံချဲ့စက်နဲ့ အော်နေပါတယ်။ တစ်နာရီ ရေမိုင် ၄၀ ၊ ကုန်တွင်း မိုင် ၇၀ နဲ့ တိုက်မယ် ဆိုပီး မုန်တိုင်း သတိပေးချက်တွေကို အော်ပြီး ပြောနေပါတယ်” ဟု ပြောသည်။
ယခုအချိန်ထိ လေပြင်းတိုက်ခတ်နေသည်မှ အပ မုန်တိုင်း ၀င်ရောက်ခြင်း မရှိသေးကြောင်း သူမက ပြောသည်။
“ ညနေပိုင်း မုန်တိုင်းဝင်နိုင်တယ်လို့ ပြောနေကြပါတယ်။ လူတိုင်း ကြောက်နေကြပါတယ်။ အားလုံး စိုးရိမ် ထိတ်လန့်နေကြပါတယ်” ဟု ပြောသည်။
မုန်တိုင်း ဂီရိသည် တစ်နာရီ ၇၅ မိုင်နုန်းဖြင့် ယနေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ်ကို ၀င်ရောက် တိုက်ခတ်နိုင်ကြောင်း မြန်မာ့ မိုးလေ၀သနှင့် ဇလဗေဒမှ သတင်း ထုတ်ပြန်ထားသည်။


(နိရဉ္စရာ သတင်းများ)