Wednesday 18 May 2011

နေပြည်တော် တပ်ကုန်းတွင် ရထားဗုံးကွဲ၊ ၂ ဦးသေ


 
ရန်ကုန်-မန္တလေး အဆန် ရထားပေါ်တွင် ယနေ့ညနေပိုင်းက နေပြည်တော် အလွန် တပ်ကုန်မြို့နယ် ဆင်သေဘူတာ အရောက်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ အမျိုးသားတဦးနှင့် အမျိုးသမီးတဦး ပွဲချင်းပြီး သေဆုံးကြောင်း သိရသည်။

tastkone
နေပြည်တော် တပ်ကုန်းမြို့နယ် ရထားလမ်းပိုင်းတနေရာကို ၂၀၁၀ ခုနှစ်က တွေ့ရစဉ်
နေပြည်တော်မှ ရဲအရာရှိတဦးက “ခရီးသည် နှစ်ယောက်ကတော့ ပွဲချင်းပြီးပဲ။ ၇ ယောက် ဒဏ်ရာရတယ်။ နေပြည်တော် တပ်ကုန်းဆေးရုံကို ပို့ထားတယ်။ ရဲတွေကတော့ ဆေးရုံမှာပဲ စစ်ချက်လိုက်ယူနေတယ်။ ပြီးမှပဲ ဘယ်အဖွဲ့ရဲ့ လက်ချက်လဲ ဆိုတာကို ကောက်ချက်ဆွဲလိမ့်မယ်။ ဖြစ်စဉ်အတိအကျကိုတော့ မပြောနိုင်သေးဘူး။ စုံစမ်းနေဆဲပါ” ဟု ဧရာဝတီသို့ ပြောသည်။

ယခုအကြိမ် ဗုံးပေါက်ကွဲမှုသည် မြန်မာနိုင်ငံတွင် အရပ်သားအစိုးရ ပေါ်လာပြီးနောက်ပိုင်း ပထမဆုံး ဗုံးပေါက်ကွဲမှုဖြစ်ပြီး နေပြည်တော်တွင်မူ ဒုတိယအကြိမ် ပေါက်ကွဲမှု ဖြစ်သည်။

ယမန်နှစ် သင်္ကြန်အကြတ်နေ့က ကန်တော်ကြီးပတ်လမ်းရှိ X2O မဏ္ဍပ်တွင် ဗုံး ၃ လုံး ပေါက်ကွဲခဲ့ရာ အခင်းဖြစ်ပွားရာနှင့် ဖြစ်ပွားပြီးနောက် စုစုပေါင်း ၁၀ ဦး သေဆုံးပြီး ၁၇၀ ဒဏ်ရာ ရကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

ယခုနှစ် ဖေဖော်ဝါရီလ လကုန်ပိုင်းကလည်း အင်းစိန်မြို့နယ်၊ ကမ်းနားလမ်း၊ အောင်ဇေယျ အိမ်ရာရှေ့ရှိ ကွမ်းယာဆိုင် တဆိုင်တွင် ဖြစ်ပွားသော ဗုံးပေါက်ကွဲမှုကြောင့် လူ ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်
Read more »

အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး မြန်မာပြည် ရောက်ရှိ


အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင် ယွန်းသည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ယနေ့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

Dassk_Joseph_Y_Yun
ယမန်နှစ် ဒီဇင်ဘာ ၁၀ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင် ယွန်း တို့ ဆွေးနွေးပွဲအပြီး သတင်းထောက်များကို ရှင်းလင်းစဉ် (ဓာတ်ပုံ - AP)
အဆိုပါ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးသည် မြန်မာနိုင်ငံတွင် လာမည့် စနေနေ့အထိ ၄ ရက်ကြာ နေထိုင်မည်ဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း အစိုးရ အဆင့်မြင့်အရာရှိများ၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး ပါတီများမှ ပုဂ္ဂိုလ်များ၊ စီးပွားရေး အသိုင်းအ၀န်းမှ လုပ်ငန်းရှင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ အစိုးရမဟုတ်သည့် NGO အဖွဲ့များ နှင့် လည်း တွေ့ဆုံမည်ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာ့ခ် တိုနာ က ဆိုသည်။

“အမေရိကန်အစိုးရ အနေနဲ့ မြန်မာအစိုးရနဲ့ ဆက်လက်ပြီး တိုက်ရိုက် ထိတွေ့ဆက်ဆံဖို့ စိတ်အားထက်သန်နေတယ် ဆိုတာကို အခု ခရီးစဉ်က ပြသနေပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

အမေရိကန်အစိုးရ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွှတ်မြောက်လာခြင်းကို တိုးတက်မှုတခု အဖြစ် ရှုမြင်ကြောင်း၊ နိုင်ငံရေး အကျဉ်းသားများကို ချက်ချင်းလွှတ်ပေးရန် လိုအပ်ကြောင်းလည်း မစ္စတာ မာ့ခ် တိုနာ က တိုက်တွန်း ပြောကြားသည်။

မစ္စတာ ဂျိုးဇက် ဝိုင် ယွန်း ၏ ယခုအကြိမ် ခရီးစဉ် သည် သမ္မတ ဦးသိန်းစိန် အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်သည်။

မစ္စတာ ဂျိုးဇက် ဝိုင် ယွန်းသည် ခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကိစ္စများ အပြင်ကို ၂၀၁၄ ခုနှစ်၌ မြန်မာနိုင်ငံ က အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူမည့် ကိစ္စများကိုလည်း ဆွေးနွေးလိမ့်မည်ဖြစ်ကြောင်း သံတမန် အသိုင်းအ၀ိုင်း ၏ အဆိုအရ သိရ သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက“လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ရဲ့ ခရီးစဉ်ကို ကျနော် တို့ကြိုဆိုပါတယ်၊ အမေရိကန် အစိုးရအနေနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံရေး မူဝါဒကို စိတ်ရှည်ရှည် ကျင့်သုံးနေခြင်းဟာ ဒီမိုကရေစီ အရေးကို လိုလားတဲ့အတွက်လို့ မြင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် တနင်္လာနေ့က မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုမှ ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားမှုများ အားလုံးကို တနှစ် သက်တမ်း ထပ်မံတိုးမြှင့်ကြောင်း သမ္မတ အိုဘားမား က ကြေညာခဲ့သည်။

အရေးယူပိတ်ဆို့မှုများကို ၁၉၉၇ ခုနှစ်မှ စတင်ပြီး အမေရိကန်နိုင်ငံ၏ အမျိုးသား လုံခြုံရေး အရေးပေါ် အက်ဥပဒေ အရ စတင်ခဲ့
ခြင်း ဖြစ်သည်။

ထိုသို့ ပြစ်ဒဏ်ခတ် အရေးယူပိတ်ဆို့မှုများကို အမေရိကန်အစိုးရက မရုပ်သိမ်းခြင်းမှာ မြန်မာနိုင်ငံတွင် ဒီမိုကရေနှင့် လူ့အခွင့် အရေး တိုးတက်မှု မရှိသေးသည့် အတွက်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောဆိုသည်။

မစ္စတာ ဂျိုးဇက် ၀ိုင် ယွန်းသည် ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလအတွင်းကလည်း မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်လာရောက် လည် ပတ် ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် စစ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ရဲချုပ် ခင်ရီ အပါအ၀င် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ အရာရှိများနှင့်လည်း တွေ့ဆုံခဲ့သေးသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယာ သည်လည်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထဲရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုတို့နှင့်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံခဲ့ သေးသည်။

မစ္စတာ ဗီဂျေ နမ်ဘီယာကလည်း မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန် တောင်း ဆိုခဲ့သည်။ ထိုတောင်းဆိုချက်ကြောင့် သမ္မတသစ် ဦးသိန်းစိန်က သေဒဏ်ကျခံနေရသည့် အကျဉ်းသားများကို ထောင်ဒဏ် တသက် သို့ လည်းကောင်း၊ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများကို ပြစ်ဒဏ် တနှစ်သို့ လျှော့ပေးခဲ့သည်။

အဆိုပါ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်သည် မစ္စတာ ဗီဂျေ နမ်ဘီယာ၏ နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးရေး တောင်းဆိုမှုကို ပြက်ရယ်ပြုနေသကဲသို့ဖြစ်ကြောင်း နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ဝေဖန်ပြောဆိုသည်။
Read more »

အိန္ဒိယက ဖမ်းထားသည့် တော်လှန်ရေးသမား ၃၁ ဦး လွှတ်မည်



 
ကရင်နှင့် ရခိုင် တော်လှန်ရေးသမား ၃၄ ဦးအနက်မှ ၃၁ ဦးကို အိန္ဒိယအစိုးရက ၁၂ နှစ်ကျော်ကြာထိန်းသိမ်းထားရာမှ လာမည့် မေ ၁၉ ရက်တွင် ကွင်းလုံးကျွတ် လွှတ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ကျန် ၃ ဦးမှာမူ ပို့တ် ဘလဲ ကျွန်းတွင် အကျယ်ချုပ် နေ ထိုင်စဉ်က ရှိထားခဲ့သော တရားရေးစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်ရဦးမည်ဟု သိရသည်။ အိန္ဒိယ ထောက်လှမ်းရေးအဖွဲ့နှင့် လျှို့ဝှက်သဘောတူညီချက်အရ လန်းဖောကျွန်းသို့ရောက်လာသော ၎င်းအဖွဲ့ကို အိန္ဒိယအစိုးရက ထိန်းသိမ်းခဲ့ပြီး ခေါင်းဆောင် ၆ ဦး ကို သတ်ဖြတ်ကာ ကျန်သူများကို ကာလကတ္တားအကျဉ်းထောင်တွင် နှစ်ကြာရှည်စွာ တရား ရင်ဆိုင်စေခဲ့သည်။
Read more »

Monday 16 May 2011

ဦးသိန်းစိန် လွတ်ငြိမ်းချမ်းသာခွင့် ထောင်ဒဏ် ၁ နှစ်လျှော့

 


 
  ချင်းမိုင် (မဇ္ဈိမ) ။        ။ အများမျှော်လင့်ထားသလို နိုင်ငံရေးအကျဉ်းသား အစုလိုက် အပြုံလိုက် လွှတ်ပေးခြင်းမဟုတ်ပဲ သမ္မတဦးသိန်းစိန် အစိုးရသစ်က ထောင်ဒဏ်ကျခံနေရသူ အားလုံးကို ထောင်ဒဏ် ၁ နှစ်လျှော့ပေးလိုက်သည်။

စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြား တနင်္လာနေ့ ညနေသတင်းတွင် ကဆုန်လပြည့်နေ့မှစ၍  သေဒဏ်ကျနေသူများကို တသက်တကျွန်းဒဏ် ပြောင်းပေးခြင်းနှင့် ကျန်အကျဉ်းသားအားလုံးကို တနှစ်လျှော့ပေါ့ပေးမည်ဟု သတင်းတို ပါရှိသည်။

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံတဝှမ်း
theinsein
လွတ်ငြိမ်းချမ်းသာခွင့် ထောင်ဒဏ် ၁ နှစ်လျှော့ပေးသည့် သမ္မတဦးသိန်းစိန်
အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသား ၂ဝဝဝ ကျော်ကို လွှတ်ပေးလိမ့်မည်ဟု မျှော်လင့်မှုများကို ယခုကြေညာချက်က အားယုတ်သွားစေသည်။

“ဒါက လွတ်ငြိမ်းချမ်းသာခွင့်မှ မဟုတ်ဘဲ၊ လျှော့ပေါ့ပေးလိုက်တာဘဲ။ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက်
 ပြောဆိုနေတာတွေနဲ့တော့ ဘာမှ အဝေးကြီးကို ဖြစ်နေပါတယ်လို့ ကျနော် ခံစားမိပါတယ်” ဟု အဓိက အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြေသည်။

ယခင်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်ကလည်း သေဒဏ်ကျနေသူများကို တသက်တကျွန်း ဒဏ်ပြောင်းပေးခြင်းများ ပြုလုပ်ခဲ့သည်။

ဦးသိန်းစိန်အစိုးရ၏ နိုင်ငံရေးအကြံပေးတဦးဖြစ်သော စစ်မှုထမ်းဟောင်း ဒေါက်တာနေဇင်လတ်က မြန်မာနိုင်ငံတွင်
 နိုင်ငံရေးအကျဉ်းသား မရှိကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် ဗီဂျေ နမ်ဘီးယားနှင့် တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
Read more »

မစ္စတာကင်တားနား မြန်မာ့အရေးလှုပ်ရှားသူများနှင့် တွေ့မည်


ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားသည် ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများနှင့် တွေ့ရန် ယနေ့ ရောက်လာမည်ဟု သတင်းရရှိသည်။

tomas400
ကမ္ဘာ့ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား
မစ္စတာကင်တားနား အနေဖြင့် မြန်မာ နိုင်ငံရေးအကျဉ်းသားဟောင်းများ အပါအ၀င် ထိုင်းနိုင်ငံ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံရန်ရှိပြီး လာမည့် မေလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အလုပ်ရုံဆွေးနွေးပွဲ တရပ် ပြုလုပ်ရန်အစီအစဉ်ရှိကြောင်း သိရသည်။

“ထိုင်းနိုင်ငံကို ဒီနေ့ ရောက်လာမှာပါ။ မစ္စတာကင်တားနားနဲ့ အလုပ်ရုံ ဆွေးနွေးပွဲပုံစံမျိုး အဖွဲ့လိုက်ခွဲပြီး ဆွေးနွေး ကြမယ်” ဟု လူ့အခွင့်အရေး ပညာပေးရေး ဌာန - မြန်မာနိုင်ငံ (HREIB) ၏ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ဧရာဝတီ ကိုပြောသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်နေသည်ကို မည်ကဲ့သို့ တာဝန်ခံမှုရှိစေရန် လုပ်ဆောင် သင့်ကြောင်း၊ နိုင်ငံရေး အကျဉ်းသားများ ကိစ္စ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စ၊ ပညာရေးဆိုင်ရာ အခွင့်အရေး၊ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိစ္စ စသည့် ခေါင်းစဉ် များနှင့်ဆွေးနွေး သွားကြမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မစ္စတာကင်တားနားသည် ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံသို့ သွားခဲ့သောခရီးစဉ်နောက်ပိုင်း စစ်အစိုးရက ပြည်ဝင်ခွင့် ဗီဇာမပေးခဲ့ပေ။

မြန်မာအစိုးရသစ် တက်လာပြီးနောက်ပိုင်း ပြည်ဝင်ခွင့် ဗီဇာတောင်းခံ ထားခဲ့သော်လည်း ယနေ့အချိန်ထိ တိကျရှင်းလင်းသော အကြောင်းပြန်ကြားမှု မရသေးဟုသိရသည်။

“မစ္စတာကင်တားနားဟာ သမာသမတ် အတော်ရှိတဲ့လူဖြစ်တယ်။ သူ့အရင် လူတွေတောင် ရေငုံနှုတ်ပိတ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စတွေကို သူကပြောတော့ အရင်အစိုးရတုန်းကလည်းဗီဇာမပေးခဲ့ဘူး။ အခုအစိုးရ ကလည်း အရင်လူတွေပဲဆိုတော့ ဗီဇာ ရဖို့တောင်သိပ်မထင်ဘူး။ ဖြစ်သင့်တာက အစိုးရသစ်က ဗီဇာပေးပြီး အခြေ အနေအမှန်က ဘာဆိုတာ သူ့ကိုသိစေသင့်တယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းတင်က ပြောသည်။

မတ်လက ကျင်းပခဲ့သော ၁၆ ကြိမ်မြောက် လူ့အခွင့်အရေး ညီလာခံတွင် မစ္စတာကင်တားနားက မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး ယခင်ထက် ပိုမိုကျယ်ပြန့်သည့် အစီရင်ခံစာ တစောင်ကို တင် သွင်းခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ဖြစ်နိုင်ချေရှိသည့် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများ ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့ရန်လည်း တိုက်တွန်းနှိုးဆော် ထားသည်။ 

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စပ်လျဉ်းပြီး အစိုးရသစ်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသော စုံစမ်းမှုများကို လုပ်ဆောင်သင့်ကြောင်း၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်းအပါအ၀င် ထင်သာမြင်သာရှိသည့် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖို့လိုကြောင်း မြန်မာအစိုးရသစ်ကို တိုက်တွန်းပြောဆိုခဲ့သည်။

မြန်မာအစိုးရသစ်အနေဖြင့် အထက်ဖော်ပြပါတာဝန်များကိုပျက်ကွက်ခဲ့ပါက စုံစမ်းစစ်ဆေးရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာမှ တာဝန်ယူရမည်ဖြစ်ကြောင်းလည်း သတိပေးပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် လူ့အခွင့်အရေးချိုးဖောက်ခံရမှုမှတ်တမ်းများတွင်အဆိုးရွားဆုံးနိုင်ငံစာရင်းတွင် ယခုထိရှိနေသည့် အပေါ် အစိုးရသစ်အနေဖြင့် မှတ်တမ်းကောင်းများဖြစ်ထွန်းလာစေရေး လူ့အခွင့်အရေးလှုပ်ရှားသူများက အစဉ်အမြဲ ထောက်ပြနေကြသည်။

မေလ ၂၀ ရက်နေ့တွင်လည်း ကုလသမဂ္ဂ၏ ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် တဦးဖြစ်သူ ထိုင်းနိုင်ငံသား မစ္စတာ စန်ဖရာဆစ် ခွန်ဖရာဖန့်( Mr Sanphasit Koompraphant )နှင့်လည်း မြန်မာလူ့အခွင့်အရေး လှုပ်ရှားသူများ နှင့်တွေ့ဆုံဆွေးနွေးရန်ရှိကြောင်းသိရသည်။
Read more »

သမ္မတသစ် တရုတ်ပြည်သို့ ပထမဆုံး ချစ်ကြည်ရေးခရီးသွားမည်


  (ဧရာဝတီ) Monday, 16 May 2011 18:50

သမ္မတသစ်ဦးသိန်းစိန် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မေလ ၂၆ ရက်နေ့တွင် တရုတ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးသွားမည်ဖြစ်ကြောင်း နေပြည်တော်ရှိ အစိုးရအဖွဲ့ အသိုင်းအ၀န်းမှသိရသည်။

00000000400
တရုတ်နိုင်ငံ၏ ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ General Xu Caihou ကို သမ္မသစ် ဦးသိန်းစိန် နှုတ်ဆက်နေစဉ် (ဓာတ်ပုံ - ဆင်ဟွာ)
ဦးသိန်းစိန်သည် တရုတ်အစိုးရ၏ ဖိတ်ကြားချက်အရ သွားရောက်မည်ဖြစ်ပြီး ယခုခရီးစဉ်သည် သမ္မတသစ် တဦးအနေဖြင့် ပြည်ပသို့ ပထမဆုံး သွားရောက်လည်ပတ်မည့် ချစ်ကြည်ရေးခရီးစဉ် ဖြစ်သည်။

တရုတ်နိုင်ငံ၏ ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ General Xu Caihou ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာစစ်တပ်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မေလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး မေလ ၁၃ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံခဲ့ကြောင်း အစိုးရထုတ် သတင်းစာများ၌ ရေးသားထားသည်။

တရုတ်စစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ နှင့်သမ္မတ ဦးသိန်းစိန်တို့သည် နှစ်နိုင်ငံ စစ်ရေးကိစ္စများနှင့် ရခိုင်ပြည်နယ်
ကျောက်ဖြူမြို့နယ်၌ တရုတ်ရေတပ် စစ်သင်္ဘောများ လာရောက် ဆိုက်ကပ်ခွင့် ကိစ္စတို့ကို ဆွေးနွေးခဲ့ကြကြောင်း ကြားသိရသော်လည်း ၎င်းသတင်းကို အတည်မပြုနိုင်သေးပေ။

ကျောက်ဖြူမြို့၌ တည်ဆောက်နေသော ရေနက်ဆိပ်ကမ်းသည် တရုတ်-မြန်မာ ဖက်စပ် တည်ဆောက်နေသော သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း၏ တစိတ်တဒေသ ဖြစ်သည်။

တရုတ်နိုင်ငံ စွမ်းအင် လိုအပ်ချက်၏ ၈၀ ရာခိုင်နှုန်းကျော်အတွက် ရေနံစိမ်းကို အရှေ့အလယ်ပိုင်းဒေသမှ တင်သွင်းရပြီး ထိုရေနံစိမ်းများကို ကျောက်ဖြူဆိပ်ကမ်းမှ တဆင့်တရုတ်နိုင်ငံသို့ ပို့ဆောင်မည်ဖြစ်သည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် တရုတ်ခေါင်းဆောင်တို့သည် တရုတ်-မြန်မာ ဆက်ဆံရေး၊ နိုင်ငံတကာ အခြေအနေနှင့် ဒေသတွင်းအခြေအနေ၊ မြန်မာ-တရုတ်တို့၏ စီးပွားရေး၊ လူမှုရေး အခြေအနေများကို ဆွေးနွေးခဲ့ပြီး တရုတ်-မြန်မာ တပ်မတော် နှစ်ရပ်အကြား သဘောတူ စာချုပ်တခု လက်မှတ်ရေးထိုးခဲ့ကြောင်း မေလ ၁၂ ရက်နေ့ထုတ် သတင်း စာများ၌ ရေးသားထားသည်။

ဦးသိန်းစိန်သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ၌ မေလ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် ကျင်းပခဲ့သော အာဆီယံထိပ်သီး ဆွေးနွေးပွဲ အခမ်းအနား ကိုလည်း တက်ရောက်ခဲ့သည်။

နှစ်နိုင်ငံ စစ်တပ်ခေါင်းဆောင်များသည် စစ်တပ်၏ ထိပ်တန်းခေါင်းဆောင်များ ချစ်ကြည်ရေးခရီး အပြန်အလှန် သွားရောက် လည်ပတ်ရန်၊ မြန်မာ စစ်သားများအား တရုတ်နိုင်ငံ၌ စစ်ပညာသင်ကြားရန်နှင့် နယ်စပ်တာဝန်ထမ်းဆောင် နေသော နှစ်နိုင်ငံ တာဝန်ရှိသူများ မကြာခဏ တွေ့ဆုံဆွေးနွေးရန် ကိစ္စ ရပ်များကိုပါ ဆွေးနွေးခဲ့ကြောင်း ဆင်ဟွာ သတင်းတွင် ရေးသား ထားသည်။
Read more »

Tuesday 3 May 2011

စစ်တကောင်း တောင်တန်းနယ် အရေးအတွက် ဂျပန်နိုင်ငံတွင် ဆန္ဒပြ

5/3/2011 (နိရဉ္စရာ သတင်း)
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ခါကာဆိုးရီ ခရိုင် (ဖလံထောင်) ၌ များမကြာမှီက ဖြစ်ပွားခဲ့သော ဒေသခံ မာရမာများနှင့် ဘင်္ဂလီ အခြေချသူများ အကြား ဖြစ်ပွားခဲ့သော အဓိဂရုဏ်းကို ဆန့်ကျင် ရှုတ်ချ သည့် ဆန္ဒပြပွဲ တစ်ခုကို မေလ ၂ ရက်နေ့က ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

The-World-Jummo-Voice-of--Japan
ယင်းဆန္ဒပြပွဲကို The World Jummo Voice of Japan က ဦးဆောင်ကျင်းပခဲ့ကြောင်း သိရသည်။

ဆန္ဒပြပွဲတွင် ဂျပန်ရောက် မာရမာ၊ သက်၊မြို၊ မြုံ စစ်တကောင်းတောင်တန်းနယ်သားများအပြင် ဂျပန်ရောက် ရခိုင်များလည်း ပူးပေါင်း ပါဝင်ခဲ့ကြသည်။

ဆန္ဒပြပွဲသို့ လူ ၅၀ ခန့် ပူပေါင်း ပါဝင်ခဲ့ပြီး နံနက် ၁၀ နာရီတွင် Godenta ဘူတာအနီးရှိ ပန်းခြံမှ ကြွေးကြော်သံများ ကြွေးကြော်ပြီး တိုကျိုမြို့ Meguro ရပ်ကွက်ရှိ ဘင်္ဂလာဒေခ်ျ့သံရုံးသို့ စတင် ချီတက် ခဲ့ကြသည်ဟု သိရသည်။

သူတို့ ကြွေးကြော်သော ကြွေးကြော်သံများမှာ

The-World-Jummo-Voice-of--Japan
(၁) ဘင်္ဂလာဒေရှ်အစိုးရမှ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အတိုင်း စစ်တကောင်း တောင်တန်း ဒေသတွင် မြေပြန့်ဒေသမှ ဘင်္ဂါလီများ အခြေစိုက်ခြင်းကို ချက်ချင်း ရပ်တန့်ပေးရန်။
(၂)ယခုဖြစ်ပွားသော လူမျိုးရေးအဓိကရုဏ်းတွင် တာဝန်ရှိသူများကို အရေးယူပေးရန်။
(၃)လူမျိုးရေးနှင့်ဘာသာရေးအရ အနိုင်ကျင့်မှုကို ချက်ချင်းရပ်တန့်ရန် စသည်တို့ ဖြစ်သည်။

နေ့လည် ၁၂ နာရီတွင် ဘင်္ဂလာဒေခ်ျ့ သံရုံးသို့ ရောက်ရှိခဲ့ပြီး The World Jummo Voice of Japan ၏ သဘောထား ကြောငြာချက်ကို သံအမတ်မှ တဆင့် ဘင်္ဂလာဒေခ်ျ့ ၀န်ကြီး ချုပ်ထံသို့ ပေးပို့ ခဲ့ကြောင်း သတင်း ရရှိသည်။
Read more »

Monday 2 May 2011

ဘင်လာဒင် အမေရိကန် အသေဖမ်းဆီးရမိ


၁၉၉၈ ခုနှစ်က အာဖဂနစ္စတန်နိုင်ငံ တနေရာမှ အိုစမာ ဘင်လာဒင် မိန့်ခွန်းပြောကြားစဉ်။
ဓာတ်ပုံ AP
၁၉၉၈ ခုနှစ်က အာဖဂနစ္စတန်နိုင်ငံ တနေရာမှ အိုစမာ ဘင်လာဒင် မိန့်ခွန်းပြောကြားစဉ်။

ထပ်ဆင့် ဖြန့်ဝေရန်

ကမ္ဘာပေါ်မှာ အလိုအရှိဆုံး အကြမ်းဖက်သမား အယ်လ်ခိုင်းဒါး (al Qaeda) အဖွဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama bin Laden) သေဆုံးသွားပြီလို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကြေညာလိုက်ပါတယ်။
ပါကစ္စတန်နိုင်ငံ အစ္စလမ္မာဘတ် (Islamabad) မြို့ မြောက်ဘက်မှာရှိတဲ့ အဘော့တဘတ် (Abbotabad) မြို့ထဲက ခြံဝန်းတခုအပေါ် အမေရိကန် အထူးတပ်ဖွဲ့ အနည်းငယ်က ပစ်မှတ်ထား ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ သမ္မတက အိမ်ဖြူတော်ကနေ တနင်္ဂနွေနေ့ ညဘက်မှာ တနိုင်ငံလုံးကို ရုပ်မြင်သံကြားပေါ်ကနေ မိန့်ခွန်းပြော အသိပေးခဲ့တာ ဖြစ်ပါတယ်။
ဘင်လာဒင်ကို အမေရိကန်တပ်တွေက သုတ်သင်ခဲ့တာဖြစ်ပြီး သူ့အလောင်းကို သက်သေအဖြစ် သိမ်းဆည်းခဲ့တယ်လို့ သမ္မတက ပြောပါတယ်။
အယ်လ်ခိုင်းဒါးအဖွဲ့ကို နှိမ်နင်းတဲ့ စစ်ဆင်ရေးထဲမှာ ဒီတခါ စစ်ဆင်ရေးဟာ အထူးခြားဆုံး ဖြစ်တယ်လို့လည်း သမ္မတက ဖော်ပြပြောဆိုပြီး ငြိမ်းချမ်းရေးနဲ့ ဂုဏ်သိက္ခာကို ယုံကြည်လေးစားသူတိုင်းက ဘင်လာဒင်ရဲ့ ကျဆုံးမှုကို ကြိုဆိုသင့်တယ်လို့လည်း မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။ တရားမျှတမှုနဲ့အညီ အရေးယူနိုင်ခဲ့ပြီလို့လည်း အမေရိကန် သမ္မတက ပြောခဲ့ပါတယ်။
အခြေအနေကို ရှင်းလင်းပွဲမှာတော့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေက ဝင်ရောက်စီးနင်း တိုက်ခိုက်မှုဟာ ရှုပ်ထွေးပြီး အန္တရာယ်များတဲ့ စစ်ဆင်ရေးတခု ဖြစ်တယ်လို့ ဖော်ပြ ပြောဆိုခဲ့ပါတယ်။
ဘင်လာဒင်ကို ချေမှုန်းမယ့် စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဘယ်နိုင်ငံကိုမှ မပြောခဲ့သလို အမေရိကန် အစိုးရထဲမှာလည်း ဒီအစီအစဉ်ကို ကြိုတင်သိသူ အနည်းငယ်သာ ရှိခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
ဘင်လာဒင် နေထိုင်နေတဲ့ ခြံဝန်းဟာ စစ်ဆေးရေးဂိတ် ၂ ခုရှိရုံမက သံဆူးကြိုးတွေ တင်ထားတဲ့ ၁၀ ပေလောက်မြင့်တဲ့ ခြံတံခါးနဲ့ အင်မတန် လုံခြုံတဲ့ ခြံဖြစ်တယ်လို့ တာဝန်ရှိသူက ဖော်ပြ ပြောဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့ရတဲ့ အယ်လ်ခိုင်းဒါးအဖွဲ့ရဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်ခံရအပြီး ၁၀ နှစ်နီးပါး အကြာမှာ အဖွဲ့ခေါင်းဆောင်ကို သုတ်သင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဘင်လာဒင်ဟာ မွတ်ဆလင် ခေါင်းဆောင်တယောက် မဟုတ်ပါဘူး၊ ဒါပေမဲ့ သူဟာ မွတ်ဆလင်တွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်သူ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။
ပါကစ္စတန် ထောက်လှမ်းရေးတွေရဲ့ အကူအညီနဲ့ ဘင်လာဒင် ဘယ်မှာရှိတယ် ဆိုတာကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပြီး ဒီစစ်ဆင်ရေး လုပ်ဖို့ကို သူကိုယ်တိုင် အမိန့်ပေးခဲ့တာ ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ပြောပါတယ်။
Read more »